Thursday, July 12, 2012

အူဝဲ မွေးခန်းထဲ လိုက်ပြီးမှတ်တမ်းတင်ဖို့ မ၀ံ့မရဲဖြစ်နေတဲ့ ပြေတီဦး


Photo
ရန်ကုန်၊ စက်တင်ဘာ- ၈
ပြေတီဦးသည် ဇနီးဖြစ်သူ အိနြာ ကျော်ဇင်အောက်တိုဘာလလယ် ပိုင်းတွင် မွေးဖွားပါကအခြား အနု ပညာရှင်အချို့ ပြုလုပ်လေ့ရှိကြ သည့် မွေးခန်းတွင်းဝင်ရောက်မှတ် တမ်းတင်ရိုက်ကူးခြင်းပြုရန်မ၀ံ့ မရဲဖြစ်နေသည်ဟု ၎င်းင်းကပြော သည်။
    “ကျွန်တော့်မှာ အဲဒီ ခွဲခန်း တွေနဲ့ ပတ်သက်တဲ့အတွေ့ အကြုံ တွေအများကြီးရှိတယ်ဗျ။ ကျွန် တော့်ဖေဖေနဲ့ အတူတူခွဲတာတွေ ရော၊ ချုပ်တာတွေရောအများကြီး လုပ်ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ သွေးရင်းသားရင်း ဆွေမျိုးရင်းဆို ရင်တော့ ကျွန်တော်လိုက်နိုင်မှာ မဟုတ်ဘူးထင်တယ်ဗျ။ အခု ကိုယ့်မိန်းမဆိုတော့ ပိုဆိုးတာပေါ့။  အူဝဲကလိုက်စေချင်တယ် ဆိုရင်
တော့ လိုက်ရမှာပေါ့လေ။ ဒါပေမဲ့ ကိုယ့်အရင်းအချာတစ်ယောက် ခွဲခန်းထဲဝင်တာကို လိုက်ဝင်ဖို့အစ်ကို့မှာ သတ္တိမရှိဘူး”ဟု ပြေတီဦးကပြောသည်။
    ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ သမီးဦးကို အောက်တိုဘာလလယ်ပိုင်းတွင် မီးယပ်နှင့် သားဖွားဆရာဝန်ကြီးဒေါက် တာမေသူမျိုးညွန့်နှင့် ခွဲစိတ်မွေးဖွားမည်ဖြစ်ပြီး မွေးဖွားမည့် ဆေးရုံ
ကို ၀ိတိုရိယနှင့် ပန်းလှိုင်နှစ်ခု အနက် တစ်ခုကို စဉ်းစားရွေးချယ် နေဆဲဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment