သာသနအာဇာနည်အမေဖြစ်ချင်သည် |
အလုပ်နှင့်လက် ပဟေဆက်သို့
တစ်ကွက်မှတည် တစ်ကွက်ဆီတိုင်
ယိမ်းယိုင်ကိုယ်ဟန် ကြံကြံခံရ်ျ
အမေချွေးစက် မြေသို့ဆက်လည်း
အပြုံးမပျက် သားအတွက်
ကောက်ပင်ကိုစိုက် ကောက်လှိုင်ပိုက်ကာ
လယ်ကွင်းသာတွင်း ဖခင်ခေါင်မှာ
ဆန်ရှုပ်ဖွရုျ ကေသာခေါင်ပေါင်း
ဆုတ်အဟောင်းနှင့် ၀မ်းကြောင်းအတွက်
မငဲကွက်ပဲ ရွှံထဲနွံထဲ အဖေလှဲပြီး
မညှိုးမျက်ခွက် သားအတွက်
မွေးကျွေးဖခင် ကျေးဇူးရှင်တို့
ကြည်ရွှင်သဒ္ဓါ စေတနာကို
သာမဏေရဟန်း မြတ်ပန်းမထေရ်
သားသပြေလည်း ကြည်ဝေလေစား
အလေးထားမိ
ကှ်ျသည့်အတွက် ကှ်ျအချက်ကြောင့်
ရှေ့ဆက်စာပေ ပရိယတ်မြေမှာ
သေကြေကြိုးပမ်း ဆုံခမ်းတိုင်အောင်
စွမ်းဆောင်ပါမည် ချစ်မေမေ....................................။
မူပိုင်
အရှင်နန္ဒောဘာသ(မြင်ခြံမြို့နယ်တောလှရွာ)