Saturday, March 31, 2012

ချစ်သူသရော်စာ

လမင်းနဲ့မင်းလယ်ဟာအေးချမ်းမှု့ကိုထားဝပေးနိုင်းတဲ့ကြီးမာသောစွမ်းအားရှင်တွေလိုလူတွေသမုဒ်ကြပါတယ်။
မင်းဟာလမင်းလေးဆိုရင်ငါဟာမင်းရဲ့အေးချမ်းမှုကိုထာဝရအရယူခြင်တယ်နော်။
မင်းပေးမလား?ပိုက်ဆံကိုပြောတာပါ။
မင်းအေးသလား
ရေးခဲလိုပေါ့
မင်းယူမလား
ငွေမဟုတ်ဘူး လူကပေါ့။
မင်းချစ်မလား
လက်သည်းနဲ့ပါ။
မင်းရယ်တက်လား
သွားနဲ့ပါ။

Monday, March 26, 2012

ပြင်သစ်နိုင်ငံ၏အမြင်ဆုံးဆုတံကိုဒေါ်အောင်ဆန်စုကြည်ရရှိ


ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ယခုလ ၁၅ ရက်နေ့က ဆုလက်ခံရယူပြီးတွေ့ရစဉ်။
ဓာတ်ပုံ-သက်ထူး
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေးနှင့် လွတ်လပ်ရေးအတွက် လုပ် ဆောင်ခဲ့မှုများအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် သမ္မတ နီကိုလပ်စ် ဆာကိုဇီက ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် National Order of the Legion of Honour ဆု၏ အမျိုးအစားတစ်ခုဖြစ်သော Commander ဆုကို ပေးခဲ့သည်။
အဆိုပါဆုတံဆိပ်ကို ပြင်သစ်နိုင်ငံ ခြားရေးဝန်ကြီး Alain Juppe က မြန်မာနိုင်ငံသို့ လာရောက်စဉ် ဇန်န၀ါရီလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ခဲ့သည်။
ဆုပေးအပ်ရခြင်းအကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ အတုယူ ဖွယ်ရာကောင်းသည့် ကိုယ့်ယုံကြည်မှုအပေါ် မဆုတ်မနစ် လုပ်ဆောင် တတ်မှုကို အသိအမှတ်ပြုခြင်း၊ အထူးသဖြင့် နှစ်ကာလများစွာ အထိန်း သိမ်းခံနေခဲ့ရသည့်တိုင် နိုင်ငံရေးတွင် သတ္တိရှိရှိ လုပ်ဆောင်မှုများ အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပြင်သစ်နှင့် ဂျာမနီရုပ်သံလိုင်းဖြစ်သည့် ARTE မှ သတင်းထောက်တစ် ဦးဖြစ်သူ Damien Wanner က အဆို ပါဆုသည် ပြင်သစ်လူထု၏ ခံစားမှုကို ကိုယ်စားပြုပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ဆောင်မှုများ အပေါ် အားပေးနေသည်ကို ပြသသည်ဟု ထင်မြင်ကြောင်း မြန်မာ တိုင်း(မ်) သို့ ပြောသည်။
"သူ့ကို ဒီလိုဆုပေးတာကို ကျွန်တော်တို့ ၀မ်းမြောက်ပါတယ်။
ကျွန်တော် ထင်တာကတော့ ပြင်သစ်ဟာ ခိုင်မာတဲ့ ဒီမိုကရေစီရှိထားပြီးသားဆိုတော့ ပြင်သစ်ပြည်သူတွေက ဒီမိုကရေစီလုပ် ငန်းစဉ်တွေမှာ ပါဝင်ရတာကို ကြိုက်ကြတယ်။ ကျွန်တော်တို့ဟာ အမြဲတမ်း ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြတဲ့သူတွေဘက်က ရပ်တည်ပါတယ်။ ဒီလိုလူတွေအတွက် ဒီဆုက ပေးနေကျပါပဲ။ နိုင်ငံရေးအရ၊ ဘာအရ၊ ညာအရဆိုပြီး ပေးတာမဟုတ်ပါဘူး။ လွတ်လပ်အောင် လုပ်ဆောင်မှုတွေအတွက် ပေးတာပါ" ဟု ဆိုသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဆုရရှိခြင်းကြောင့် အဆိုပါဆုကို အရှေ့ တောင်အာရှတွင် မြန်မာနှင့် မလေးရှားနိုင်ငံတို့ ဆု ရရှိသည့်စာရင်းဝင်ခဲ့သည်။
မလေးရှားနိုင်ငံသူ မင်းသမီး မီရှယ်ယိုးက ၎င်း၏ ရုပ်ရှင်နှင့် မီဒီယာလုပ်ငန်းများတွင် ဆောင်ရွက်မှုများအတွက် ၂၀၀၇ ခုနှစ်က ယင်းဆုကို ရရှိခဲ့သည်။

ဝန်ကြီးဟောင်း ဦခင်ညွန့်နှင့် အထူးတွေဆုံးမေးမြန်စဉ်

တိုင်းပြည်တိုးတက်ဖို့ ပြည်တွင်းအင်အားရော ပြည်ပအင်အားပါ လိုအပ်ပါတယ်"

တပ်မတော်အစိုးရလက်ထက် ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဇန်န၀ါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာသူ ၆၅၁ ဦးတွင် ပါဝင်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှစတင်ခါ နေအိမ် အကျယ်ချုပ်ဖြင့် ခုနစ်နှစ်ကျော် နေထိုင်ခဲ့ရသူ တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်အား ဇန်န၀ါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် န၀ဒေးလမ်းရှိ ၎င်း၏နေအိမ်တွင် မြန်မာတိုင်း(မ်) သတင်းအဖွဲ့က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

မရမ်းကုန်းမြို့နယ်ရှိနေအိမ်တွင် တွေ့ရသော ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်။
ဓာတ်ပုံ-ကောင်းထက်
* ဒီမိုကရေစီရဲ့ လမ်းပြမြေပုံဆိုတဲ့ Road Map ကို အကောင်အထည် ဖော်ခဲ့တဲ့အပေါ်မှာ ဘယ်အတိုင်း အတာအထိ ကျေနပ်မှုရှိပါသလဲ။
အခုကတော့ Seven Stepsက ပြီးမြောက်သွားပြီလေ။ ပြီးမြောက်သွားပြီ ဆိုတော့ အောင်မြင်တယ်လို့ပဲ ယုံကြည်တယ်။ အောင်မြင်သွားပြီပေါ့။
* Road Map ကို အကောင်အထည် ဖော်ပြီးတဲ့နောက်မှာ ပြုပြင်ပြောင်း လဲမှုတွေက ဆက်တိုက်ဖြစ်လာတယ်။ အခုလို ခပ်မြန်မြန်နဲ့ ပြုပြင် ပြောင်းလဲမှုတွေဖြစ်လာတာ ဘာကြောင့်လို့ ထင်ပါသလဲ။
အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်တွေပေါ်မှာမူတည်ပါတယ်။ မြန်မြန် ဆန်ဆန်အကောင်အထည်ဖော်ရင် မြန်မြန် ဆန်ဆန်အကောင်အထည် ပေါ်တာပဲပေါ့။ ဘေးကပံ့ပိုးမှုလိုတယ်။ ပြည်သူတွေရဲ့နားလည်မှု လိုတယ်။ အဓိကကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ နိုင်ငံတော်အစိုးရပါ။ အစိုးရရဲ့လုပ်ကိုင် ဆောင်ရွက်မှုပေါ်မှာမူတည်ပြီး အောင်မြင်တယ်ဆို တဲ့အနေအထားမျိုးရှိတာပေါ့လေ။
* အစိုးရသစ်တက်တဲ့ ကိုးလကျော် ၁၀ လကာလမှာ ပြုပြင်ပြောင်းလဲမှုတွေက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်လာနေတယ်။ အဲဒါတွေက နောက်ကြောင်းပြန်လှည့်သွားနိုင်ပါသလား။
ထင်တယ်လေ။ သမ္မတကြီးကိုယ်တိုင်ကပြောတယ်။ နောက်ပြန်လှည့်ဖို့ မရှိပါဘူးလို့ ပြောတယ်နော်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလည်း နောက် ပြန်လှည့်စရာ အကြောင်းမရှိတော့ဘူး ပြောတယ်။ သိပ်ခိုင်မာနေပြီပဲ။
* အရင်က တပ်မတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ အောင်မြင်ခဲ့တယ်။ ကျော်စောထင်ရှားခဲ့တယ်ပေါ့။ အခုလက်ရှိနိုင်ငံရေး အခင်းအကျင်းမှာရော အံဝင်ခွင်ကျဖြစ်နိုင်မယ်လို့ ထင်ပါသလား။
ခုနစ်နှစ်တာကာလ အိမ်ထဲမှာပဲနေတော့ အပြင်လောကနဲ့ ပတ်သက်ပြီး အဆက်ပြတ်တယ်လေ။ အပြင်လောက အခြေအနေကို မီဒီယာကနေတစ်ဆင့်တော့ မြင်ရတွေ့ရ ကြားရတာပေါ့။ အခု နိုင်ငံရေးကို သိပ်ပြီးလေ့လာမှုလည်း မရှိသေးဘူး။ နိုင်ငံရေးလုပ်ဖို့ လည်း ကြံရွယ်ချက်မရှိသေးဘူးကွယ်။ အပြင်လောကနဲ့ အဆက်ပြတ်နေတော့ ဘာလုပ်ရမှန်းမသိဘူး။ လုပ်ဖို့ဥစ္စာကတော့ အဘ ဘာသာရေးလုပ်နေတယ်။ လူမှုရေးတွေလုပ်မယ်။ နောက်တိုင်းပြည် အေးချမ်းမှုအတွက်ကို တတ်နိုင်သမျှ ပုဂ္ဂလိကစွမ်းဆောင်မှုနဲ့ပဲ စွမ်းဆောင်မယ်။ ပုဂ္ဂလိကနော်။ ပုဂ္ဂလိကစွမ်းဆောင်မှုနဲ့ပဲ တိုင်းပြည်သာယာရေး၊ တိုးတက်ရေးကို စွမ်းဆောင်နိုင်သမျှ စွမ်းဆောင် မယ်လို့ပဲ စိတ်ထဲမှာ ကြံရွယ်ထားပါတယ်။ ဘယ်တော့အကောင်အထည်ပေါ်မယ်ဆိုတာတော့ မသိဘူးပေါ့။
* လက်ရှိအစိုးရကသော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကသော်လည်းကောင်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး လာရောက်တွေ့ဆုံပြီး အကြံဉာဏ် တောင်းတာမျိုး၊ အကူအညီတောင်း တာမျိုးရှိလား။ တကယ်လို့တောင်း လာမယ်ဆိုရင်ရော ဘယ်လိုတုံ့ပြန် ဖို့ရှိပါသလဲ။
အခုထိတော့ အကြံဉာဏ်တောင်းတာတွေမရှိပါဘူး။ နိုင်ငံရေးမလုပ်တော့ဘူးလို့ပဲ ဒီလိုပဲ စိတ်ထဲမှာ ပိုင်းဖြတ်ထားတယ်လေ။ တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးအတွက်ပေါ့လေ။ ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု၊ တိုင်းပြည်အတွက် အကျိုး ဖြစ်ထွန်းမှု၊ နောက်တစ်ခါ ငြိမ်းချမ်းရေးပေါ့။ တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဖြစ်ထွန်းမှုတွေအတွက်ကို ရည်ရွယ်ပြီးတော့ လာပြီး အကြံဉာဏ်တောင်းရင်တော့ အဘရဲ့ အတွေ့အကြုံပေါ် မူတည်ပြီးတော့ ကောင်းတဲ့အကြံဉာဏ်တွေပေးမှာပါ။
* အခုလက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ကြားမှာ ငြိမ်းချမ်းရေးအတွက် စကား ပြောနေတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
သိပ်ကောင်းတာပေါ့။ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို အဘစပြီး အကောင်အထည်ဖော်ခဲ့တာပါ။ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လက်နက်မကိုင်တဲ့တိုင်းရင်းသားတွေရော သူတို့ရဲ့ပင်ကို စရိုက်က အင်မတန်ရိုးသားပါတယ်။ သူတို့နဲ့ အကြာကြီးပဲ အဘဆက်ဆံခဲ့တာ။ အခု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတယ် ဆိုတာ အင်မတန် ကောင်းပါတယ်။ အောင်လည်းအောင် မြင်စေချင်တယ်။ အောင်မြင်ပါစေလို့လည်း အဘဆုတောင်းတယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေရော တိုင်းရင်းသားတွေရော၊ အားလုံးညီညွတ်မှ၊ စည်းလုံးမှ ပြည်ထောင်စု ကြီးခိုင်မြဲမှာ။ အဲဒါ ကိုတော့ အဘက သိပ်ပြီး စိတ်လည်းဝင်စားတယ်၊ အောင်လည်း အောင်မြင်စေချင်တယ်။ အောင်မြင်ဖို့အတွက်လည်း အဘစိတ်ထဲ မှာ အကြံဉာဏ်တွေပေါ့လေ လိုအပ်တယ်ဆိုလည်း အဘပေးမှာပါ၊
* ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးတွေမှာ ပါဝင်ကူညီမယ်လို့ ဖြေထားတာတွေ့တယ်။ အဲဒီအတွက် အသေးစိတ် စဉ်းစားထားတာများရှိလား။
ပုဂ္ဂလိကအနေနဲ့ပဲ၊ မိသားစုအနေနဲ့ပဲ တတ်နိုင်သမျှကူညီပါမယ်။ အဖွဲ့အစည်းကြီး ထူထောင်ပြီးတော့ ဆောင်ရွက်တာမျိုးတော့ မဟုတ်ပါဘူး။ မိသားစုအနေနဲ့ တစ်နိုင်တစ်ပိုင် ဆောင်ရွက်တဲ့ နေရာမှာ ကျန်တဲ့ စေတနာရှင်တွေကနေ ပူးပေါင်းပါဝင်ပါရစေ ဆိုရင်တော့လည်း ပူးပေါင်းပါဝင်ပြီးတော့မှ ဆောင်ရွက်မယ်လို့လည်း အဲဒီလို စိတ်ကမျှော်မှန်းထားတယ်။ ရည်ရွယ်ထားတယ်။ သားတွေနဲ့တောင် တိုင်ပင်ထားတယ်။ အင်မတန်ကောင်းတဲ့၊ မွန်မြတ်တဲ့လုပ်ငန်းပါလို့လည်း သားတွေက အကြံပြုပါတယ်။
* အခုလိုလွတ်မြောက်လာဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ရတာမျိုး၊ ကတိ တစ်ခုခုပေးရတာမျိုးရှိခဲ့လား။
ဘာမှမရှိပါဘူး။ အဘကတောင် တော်တော်အံ့ဩနေတယ်။ လွှတ်လိုက်ပြီဆိုတဲ့အခါကျတော့ တကယ်အံ့ဩပါတယ်။ အဘထင်တာ ငါ့တပည့်တွေ တချို့တစ်ဝက်လွတ်မယ်။ ငါတော့ မလွတ်သေးဘူး။ ဒီလို စိတ်ထဲကဖြစ်တယ်လေ။ တော်တော်ကို အံ့ဩပြီး ၀မ်းလည်း ၀မ်းသာတယ်။ အဘကို ဒီလို လွှတ်ပေးတဲ့ သမ္မတကြီးပေါ့လေ။ အဘ မမျှော်မှန်းတဲ့ကိစ္စကို သမ္မတကြီးကနေ လွှတ်ပေးလိုက်တဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
* နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အချိန်မှာ လုပ်ချင်လျက်နဲ့ လုပ်လို့ မရခဲ့တဲ့အလုပ်များရှိလား။
ဘာမှမရှိပါဘူး။ အဘ အိမ်ထဲမှာ နေရပြီဆိုကတည်းကိုက အဘစိတ် တုံးတုံးချလိုက်တယ်။ ငါဘုရားတရား အလုပ်လုပ်ခွင့်ရပြီ။ နောက်တစ်ခါ စိုက်ရေးပျိုးရေးတွေလည်း ၀ါသနာပါတော့ ကိုယ့်ဘာသာကိုယ်ပဲ တစ်နိုင်တစ်ပိုင်ပေါ့ကွယ်။ သစ်ပင်လေးတွေ မြေ တောင်မြှောက်တာ။ အခုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကလည်း နိုင်ငံတကာမှာ သိပ်ထွန်းကားနေတယ် မဟုတ်လား။ အားလုံးကလည်း ဒါကို လေ့လာမှုတွေ၊ ပံ့ပိုးမှုတွေ၊ ကူညီမှုတွေလုပ်နေကြတာဆိုတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း အဘက သိပ်ပြီးတော့ ၀ါသနာပါတယ်။ အဘခြံထဲမှာတစ်နိုင်တစ်ပိုင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေတာပါ။
* မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုစဉ်းစားထားလဲ။
ညကတောင် တိုင်ပင်ထားတယ်။ မိသားစုတွေထိုင်ပြီးတော့မှ တို့ဘာလုပ် ကြမလဲ။ ကြီးကြီးမားမားတော့ မလုပ်နိုင်ဘူးလေ။ ကိုယ့် စားဝတ်နေရေးပြေလည်အောင် ဒါလုပ်ရမှာပေါ့။ သားတွေရဲ့ လုပ်ငန်းတွေလည်း မရှိဘူး။ အဘမှာလည်း ဘာစီးပွားရေးလုပ်ငန်းမှ မရှိပါဘူး။ စီးပွားရေးပုဂ္ဂိုလ်ကြီးတွေနဲ့ ပေါင်းပြီး ဖက်စပ်လုပ်ထားတဲ့လုပ်ငန်းလည်း မရှိပါဘူး။ ဘယ်မှာမှ ရှယ်ယာဝင်ထားတာလည်း မရှိဘူးလေ။ ဒါကတော့ အဆင်ပြေလာမှာပါ။ သားတွေကလည်း လူငယ်တွေ၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ တစ်ချိန်ကလည်း တိုင်းပြည်အတွက်ကို လုပ်ခဲ့ကြတာပဲဆိုတော့ သားတွေနဲ့တိုင်ပင်ပြီးတော့မှ လုပ်ရမှာပေါ့။ အဆင်ပြေလိမ့်မယ်လို့ပဲ မျှော်လင့်တာပေါ့။
* ပြောစရာရှိတာတွေကို မီဒီယာကနေ တစ်ဆင့်ဆက်သွယ်ပြီး ပြောသွားမယ်ဆိုတော့ မီဒီယာကို ဘယ်လိုဆက်သွယ်သွားဖို့ရှိလဲ။ မီဒီယာရဲ့ အနာဂတ်ကိုရော ဘယ်လို မြင်ပါသလဲ။
ပိုပြီး ပွင့်လင်းလာတာ ပိုကောင်းတာပေါ့။ ပွင့်လင်းမှုကို လိုလားတယ်။ မျှော်လင့်တယ်။ အခုဆက်သွယ်ရေးစနစ်က အရမ်းကောင်း နေပြီ။ ဖုန်းလေးတစ်ချက် ဆက်ပြီး ကျွန်တော်ဘာပြောချင်တယ်၊ လာပါဦးဆို ချက်ချင်းပေါက်ချလာမယ် မဟုတ်လား။
* ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့အကျဉ်းသားတွေနဲ့ အဘတို့ကိုလွှတ်ပေးပြီးတဲ့အခါမှာ အမေရိကန်နိုင်ငံက သံတမန် အဆင့်ကို မြှင့်လိုက်ပါတယ်။ကျန်တဲ့ အာဆီယံကလည်း စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ဆိုပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ ကိုတောင်းဆိုနေပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အဘ Message တစ်ခုခုလောက် ပေးပေး ပါဦး။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ ပြည်တွင်းအင်အားရော ပြည်ပအင်အားရောလိုအပ်ပါတယ်။ ပြည်တွင်းအင်အားပဲရှိပြီး ပြည်ပ အင်အား မရရင် ဘယ်လို မှမတိုးတက်နိုင်ဘူး။ အခုတော့လည်း ပြည်ပအင်အားတွေက တဖြည်းဖြည်းနဲ့ ၀င်လာပြီပေါ့လေ။ သူတို့ ကလည်း အချိန်အခါနဲ့ အခြေအနေကြည့်ပြီးတော့မှ တဖြည်းဖြည်းနဲ့ တစ်လှမ်းချင်း တစ်လှမ်းချင်းဝင်လာတာပေါ့။ တစ်လှမ်းလှမ်း လိုက်၊ တိုးတက်မှုမြင်ရင် နောက်တစ် လှမ်းလှမ်းလိုက်။ နောက်တိုးတက်မှု မြင်ရင် နောက်တစ်လှမ်းလှမ်းလိုက်။ အခု တိုးတက်မှုလေး တွေ မြင်မြင်လာတော့ လှမ်းလာကြတာတွေ့ရပါတယ်။ အမေရိကန်က အရင်တုန်းက၊ ကျွန်တော်တို့ရှိတုန်းကဆိုရင် သံတမန်အဆင့် ကိုချလိုက်တာပေါ့။ အခုသံတမန်ထားမယ်ဆိုတော့ သိပ်ကောင်းတာပေါ့ဗျာ။ သိပ်ကောင်းတာပေါ့။ နောက်အာဆီယံကလည်း အခု ဆိုရင် မြန်မာနိုင်ငံဘက်က ရပ်တည်ပေးနေတယ်လေ။ မြန်မာနိုင်ငံကလည်း အာဆီယံဥက္ကဋ္ဌရပြီလေ။ မြန်မာနိုင်ငံရဲ့ Image က တော်တော်လေးကောင်းနေပါပြီ။ ဒါကြောင့်မို့လို့ အခုပံ့ပိုးတဲ့ အမေရိကန်နိုင်ငံရော၊ နောက်လည်းလာဦးမယ့် အီးယူနိုင်ငံတွေရော၊ အာဆီယံနိုင်ငံတွေရော အခုလို မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးလာအောင် ကိုယ်ချင်းစာစိတ်နဲ့ပေါ့လေ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အတွက် စားဝတ်နေရေးကအစ အဆင့်မြင့်လာအောင် အခုလိုပံ့ပိုးကူညီမှုတွေပေးမယ်လို့ ဆောင်ရွက်နေတာတွေ နောက်တစ် ဆင့်တိုးပြီးပေးလာပါလို့ တောင်းဆိုချင်ပါတယ်။
* စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂက မရုပ်သိမ်းရသေးဘူး။ ဩစတြေးလျကတော့ ရုပ်လိုက်ပြီ။ အဲဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါဦး။
Sanction လုပ်ထားတဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်သိပ်နစ်နာတာပေါ့ဗျာ။ တိုင်းပြည်နစ်နာတယ်ဆိုတာ ပြည်သူတွေ နစ်နာတာ ပဲလေ။ Sanction က မြန်မြန်ရုပ်သိမ်းလေ ပြည်သူအတွက် ပိုပြီးတော့ အခွင့်အလမ်းတွေ ဖြစ်ထွန်းလေပဲ။ Sanction လုပ်ထားတဲ့ အတွက် စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေလည်း အကန့်အသတ်နဲ့လုပ်ထားရတာ။ ကျွန်တော်တို့နိုင်ငံအတွက် အရေးအကြီးဆုံး Challenge က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပဲ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အားလုံးတစ်ပြေးညီ ဖြစ်ထွန်းပြီးတော့မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖြစ်ထွန်းမှာက နံပါတ်(၁)ပါ။ နံပါတ်(၂)က စီးပွားရေး။ စီးပွားရေးကောင်းမှ ပြည်သူတွေရဲ့ဘ၀ ဖူလုံမှာပေါ့။ ပြည်သူတွေရဲ့ဘ၀ မြင့်မားမှာပေါ့။ စီးပွားရေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက သိပ်မကောင်းဘူး။ အဲဒီ နှစ်ခုကောင်းပြီ ဆိုရင် တိုင်းပြည် တိုးတက်ပြီပဲ။

Sunday, March 25, 2012

ဗိုလ်ချုပ်ပုံကိုဖြုတ်ခိုင်လုပ်တဲ့ငမိုက်သားအကြောင်း

မန္တလေး နန်းတွင်းက မြနန်း စံကျော် ရွှေနန်းတော် ကို သွားရောက် လည်ပတ်ကြတဲ့ အမေရိကန် လူမျိုး ကမ္ဘာလှည့် ခရီးသည်တွေ တင်ဆောင်ထား တဲ့ ကား ၁ စီးဟာ  ၁၉လမ်း အရှေ့ဘက်ပေါက် က အ၀င်မှာ အခုလို ဖြစ်ခဲ့တာပါ။
ခရီးသည်တွေ တင်ဆောင်လာတဲ့ ဒရိုင်ဘာ က သူကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။
“မီးစိမ်းပြလို့ မုခ်ဦးကနေ ၀င်ပါတယ်။ ကားကို တားပါတယ်။ လူကြီး တားခိုင်းလို့ တားတယ် ဆိုတော့ ရပ်ပေးလိုက်ပါတယ်။ မှန်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ခွာပေးပါလို့ ကျနော့်ကို ခိုင်းပါတယ်။ ကျနော်က ဗိုလ်ချုပ်ကို ရိုသေ လေးစားလို့ ကပ်ထားတာ။ ဘာဖြစ်လို့ ခွာပေးရမှာလဲလို့ မေးတော့ အရာရှိက ခွာခိုင်းလို့ပါတဲ့။ အဲဒီအရာရှိကို လွှတ်လိုက်လို့ ကျနော်ခိုင်းပါတယ်။ အဲဒီအချိန်မှာ အရာရှိ ရောက်မလာပဲ တပ်သားတယောက် ရောက်လာပါတယ်။ မခွာရင် ၀င်မရဘူးလို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကျနော်က ဗိုလ်ချုပ်က ကျနော်တို့ ဖခင်ပဲ။ ဘာဖြစ်လို့ သူ့ကို ခွာခိုင်းရတာလဲ ဆိုတော့ အထက်က ညွှန်ကြားထားလို့ပါတဲ့။ အထက်ကညွှန်ကြားတာ ဗိုလ်ချုပ်ပုံကို ညွှန်ကြားတာလား။ တခြား စတစ်ကာတွေကို ညွှန်ကြားတာလား ဆိုတာ မေးပါတယ်။ မည်သည့် စတစ်ကာကို မဆို ကပ်ထားတဲ့ ကားတွေကို ခွာကို ခွာရမယ်လို့ ကျနော့်ကို အမိန့်ပေးထားလို့ ပါတဲ့။”
ဗိုလ်ချုပ်ပုံလာခွာတဲ့ ရဲဘော်ကို သူ့ကားရှေ့က ကမ္ဘာလှည့်ခရီးသည်တွေ တင်ထားတဲ့ ကား ၁ စီးမှာ ကပ်ထားတဲ့ ကုမ္ပဏီ ကြော်ငြာ စတစ်ကာတွေ ကျတော့  ဘာလို့ မခွာလဲ မေးခွန်း ထုတ်ရာမှာ  ပြန်မဖြေနိုင်ဘဲ၊ သူ့ကို နားလည်ဖို့ အကြိမ်ကြိမ် တောင်းပန်သွားတယ် လို့ ပြောပါတယ်။
သူ့ကားနောက်ဘက်မှာ ကပ်ထားတဲ့ အန်အယ်လ်ဒီပါတီ တံဆိပ် အမှတ်အသား စတစ်ကာကို ခွာပြီး နောက် ကျန်တဲ့ ဗိုလ်ချုပ်ပုံကို မခွာဖို့ ပြောတာလဲ မရဘူးလို့ သူက ဆက်ပြောပြပါတယ်။
“ကျနော့် ကားရဲ့ နောက်မှာ အန်အယ်ဒီကို မဲပေးပါဆိုတဲ့ မိန်းကလေးတဦး လက်ထောင်နေ တဲ့ ပုံလေး ပါတယ်။ ခွာချင်ရင် နိုင်ငံခြားသားတွေ ရှေ့မှာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ပုံတော့ မခွာနဲ့၊ နောက်မှာ အန်အယ်လ်ဒီ ဆိုတဲ့ တံဆိပ်ပါတယ်။ အဲဒီ တံဆိပ်ကို သွားခွာပါ ဆိုတော့ မဟုတ်ဘူး။ ဒီပုံကိုမှ ခွာချင်တာ။ ရှေ့တည့်တည့်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်ပုံကို ခွာခိုင်းတယ် ဆိုတော့ ကမ္ဘာလှည့်ခရီးသည်တွေက သိသွားပြီလေ။”
အရင်က အန်အယ်လ်ဒီပါတီ အမှတ်တံဆိပ် စတစ်ကာတွေ ကပ်ထားတဲ့ ကား ၁ စီးလဲ  ဒီနေရာမှာ အလားတူ ခွာခိုင်းလို့ ခွာပေးခဲ့ရတယ် လို့ သိရပါတယ်။ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မန္တလေးမြို့ စည်းရုံးရေး ခရီးစဉ်အပြီး နောက်နေ့မှာ အဲ့ဒီလို ခွာခိုင်းခဲ့တာပါ။
အခုတခါတော့  အန်အယ်လ်ဒီ တံဆိပ်အပြင် ကားရှေ့ လေကာမှန်မှာ ကပ်ထားတဲ့ ၃ လက်မ ပတ်လည် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကိုပါ ခွာပေးခဲ့ရတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ

39 comments:

MPP said...
အဲဒီ့ ခွာခိုင်းတဲ့ အရာရှိဆိုတဲ့ကောင် ဘယ်သူလဲ သိတဲ့လူ(မန္တလေးပြည်သူတွေထဲ ကပဲဖြစ်ဖြစ်) နာမည်နဲ့တစ်ကွ ဖေါ်ပြပေးစေချင်ပါတယ် . . . ဒါမှ နောင် အစိုးရသစ်မှာ ဒင်းတို့ လို အဇာတသတ် လို သားမျိုးတွေကို ပညာပေးရမယ် . . တပ်မတော်ကို မွေးဖွားပေးခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကိုစောကားတဲ့ ကောင်တွေ ဖထွေးကိုမှ အဖေခေါ်ချင်တဲ့ကောင်တွေ ကျေးဇူးကန်းတဲ့ကောင်တွေ . . . ဘယ်လို ဇာတ်သိမ်းမလဲဆိုတာ ကံကြမ္မာက ဖန်းတီးပေးသွားလိမ့်မယ် . . . မကြာမည် လာမည် မျှော်

နိုင်ငံရေးသတင်း

သမိုင်းဝင် ဗမာ့တပ်မတော်ကို ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်ကိုမှ မလေးစားဘူးဆိုရင်တော့ မြန်မာ့သမိုင်းဝင်တဲ့ နန်းတွင်းမှာ မနေကြနဲ့၊
ကြာနီကန် နဲ့ တောင်မြင့် မှာပဲ သွားနေကြပါတော့ကွာ။

Thursday, March 22, 2012

တစ်ဖက်သက်အချစ်

အလွမ်းအိပ်မက်တွေနဲ့
ရှင်သန်ခဲ့ရသူပါ
ထီးကျန်ဆန်တဲ့ ရင်ခွင်ကိုတော့
ကြည့်တတ်မှ မြင်လိမ့်မယ်
ထာဝရပါ ချစ်သူ
  • ခဏတာ အပြုံးတွေကြောင့်
ရင်ခုန်းခဲ့သူ မဟုတ်ပါဘူး
အပြစ်မမြင်လိုက်ပါနဲ့
နှလုံးသားစေညွန်ချက်အရ
နင့်ကို ချစ်ခဲ့ရတာပါ
ပြန်ချစ်ပါလို့ မပြောချင်ပေမယ့်
ပေးဆပ်ခဲ့သူ တဖက်သတ်ချစ်ကိုတော့
စော်ကားဖို့ မကြိုးစားနဲ့။

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/group/poemlovers/forum/topics/5442636:Topic:3849934#ixzz1puEapLj5

မျှော်နေမိတယ်အကိုရယ်

တနေ့ အကိုအကြောင်းတွေးရင်း လမ်းလျှောက်ထွက်လာတဲ့ တနေ့ပေါ့ သင်္ကြန်သီချင်းသံက နားထဲမှာ ကြားနေရတယ်
♪ ♫ သင်္ကြန်နွေဦး တူးပို့တူးပို့♫ ♪
♫ ♪ တူးမာရဲ့နော်ဗျာ♪ ♫
 အဲနောက် နောက်လှည့်မကြည့်ပဲ ဆက်လမ်းလျှောက်လာခဲ့တယ် တနေရာ အရောက်မှာ လဲသင်္ကြန်သီချင်းက နားထဲ အလိုလို စီးဆင်းလာပါတယ်
♫ ♪ ခေါင်းလေးမော့လို့♪ ♫
♫ ♪ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ♪ ♫
အော် ခုဆို သင်္ကြန်ရောက်ဖို့ ရက်20 လောက်ပဲ လိုတော့ပါလားလို့ စိတ်ထဲတွေးမိပါတယ်
အော် သင်္ကြန် သင်္ကြန် ကျမကို အကိုခွဲခွာ သွားတာဟာ ဒီသင်္ကြန်ပဲမလား ဘာလိုလိုနဲ့ အကိုကျမ ကို ခွဲသွားတာ 3 နှစ်တောင်ရှိနေပီမဟုတ်လား ကျမ တွေးရင်း မျက်ရည် ၀ဲမိပါတယ်...............
လွန်ခဲ့တဲ့ ၅ ရက်လောက်က ကျမကို အဆက်သွယ်ဖျက်ထားခဲ့သော ကျမ အကို(ကျမ ချစ်သူ)ပေါ့ ကျမကို အဆက်သွယ်ဖျက်ထားတာ ၂ နှစ်ကျော်ခဲ့ပီး ခုမှ ဘာလို့ အဆက်ပြန်သွယ်တာလဲ ခု လာမဲ့ သင်္ကြန်မှာ ကျမဆီကို ပြန်လာမယ်တဲ့ ကျမ ယုံရမလား အကိုရယ် အကိုကရော ကျမကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က  အကို့ ကိုယ်မေ့လိုက်ပါတော့တဲ့
အကို့မှာ ချစ်သူ၇ှိတယ်တဲ့ ကျမ မဖြေသာခဲ့ပါဘူး ဒါပေမဲ့လဲ ကျမ ကချစ်နေ၇ရင်ပီးရောဆို ကျမ အကိုကိုယ်ခွင့်လွတ်ခဲ့တယ်နော် ........ခုမှ ဘာသဘောလဲ အကိုရယ် ကျမကိုနောက်ထပ် ဒါဏ်ရာတွေ ထပ်ပေးမလို့လား ကျမတွေးရင်း လမ်းလျှောက်နေတယ်...
ကျမကြောက်နေမိပီ အကိုရယ်ပီးတော့ စိုးရိမ်တယ် ဘာလို့လဲ ဆိုတော့ ကျမကို ဒါဏ်ရာတွေ ထပ်ပေးမှာကိုပဲ အကိုရယ်.....
တွေး၇င်း ဟိုးအရင်၅ နှစ်လောက်တုန်းကစတွေ့ပီး ပျော်ရွှင်ခဲ့ကြပုံကို ပြန်ပီး စိတ်ရောက်နေပြန်မိတယ်..
ကျမတို့ စတွေ့တဲ့ ဒီဇင်ဘာလရဲ့ နှင်းဖွေးဖွေးတွေကျနေတဲ့ ခရစ်စမ်ညလေးမှာပေါ့......... သူငယ်ချင်းတွေနဲ့ အတူအပြင်ထွက်ပီးလမ်းလျှောက်ထွက်တဲ့ ညတညမှာ ကျမ အကို့ကိုယ် စတွေ့ခဲ့ပါတယ် အကိုရဲ့ ခင်မင်မူအတွက် လက်ဆောင်ပေးခဲ့တဲ့ အရုပ်လေးကို ကျမ ပထမ ရရှိခဲ့တယ် ကျမ ပျော်၇ွှင်ခဲ့တယ် အကိုရယ် ပီးတော့ အကိုရဲ့ အကြည့်စူးစူးရဲ့အောက်ကလဲ ကျမ ရုန်းမထွက်နိုင်ခဲ့ဘူး..........လေ ဒီလိုနဲ့ ခင်မင်မူက စခဲ့တဲ့ သံယောဇဉ်က မသေးခဲ့ပါဘူး အကိုရယ်................ မွေးနေ့မွေးရက်မေးတော့ ကျမက အမှန်ဖြေခဲ့ပီး အကိုက ကျမကို ည်ာခဲ့တယ်နော် ကျမ မှာ အကို့ကိုယ် မညာခဲ့ပါဘူး အသက်ငယ်မယ်ထင်ခဲ့တဲ့ အကိုက
တကယ်တော့ ကျမ ထက် လပိုင်း အနည်းငယ်ကြီးခဲ့တယ်နော် ................ဒီလိုနဲ့
ကျမတို့ ဖေဖော်ဝါရီလ အတွင်းမှာပဲ ချစ်သူတွေဖြစ်ခဲ့ကြတယ်နော် ကျမ ကို အကိုက အရမ်းဂရုစိုက်ခဲ့တယ်......ပျော်ရွှင်စရာ စကားတွေနဲ့ ကျမ ကိုပျော်စေခဲ့တယ်နော်........
အဲဒီနောက်ပိုင်းမှာလဲ ကျမတို့ ပျော်ရွှင်စရာတွေနဲ့ပဲ တစ်ရက်ပီးတစ်ရက် တလပီးတလ ပျော်ရွှင်စွာ ဖြက်သန်းခဲ့တယ်လေ.....................
နောက်ချစ်သူဖြစ်ပီး ၂ နှစ်အကြာမှာတော့ အကိုကျမကိုအကြောင်းပြချက်တခုပဲပြောပီး ခွဲခွာသွားခဲ့တယ်.......... သူကပြောတယ် သူမှာနောက်ထပ် ချစ်သူတယောက် ရနေပီတဲ့လေ
ကျမဘယ်လိုလုပ်ရမလဲ အဲနောက်သူကျမကို ခွဲပီး ကျမတို့မြို့လေးကနေ ထွက်သွားပါတယ်
ခုတော့ ကျမဆီကို ဆက်သွယ်လာပါတယ် ခုနှစ်သင်္ကြန်ကိုအကိုပြန်လာမယ်တဲ့ အကိုရယ် ကျမစောင့်နေပါ့မယ် ဖြစ်ခဲ့သမျှတွေကို ခွင့်လွတ်ပါနော်တဲ့ ကျမ ဘယ်လိုဆုံးဖျက်ရမလဲ ဒါပေမဲ့စဉ်းစားတွေးကြည့်တဲ့ အခါမှာ ခုထိ ကျမ အကို့ကိုယ်ချစ်နေတုန်းဆိုတာပါပဲ ကျမအကို့ကိုယ်စောင့်နေမယ်နော်အကို သင်္ကြန်မှတွေ့မယ်နော်အကို..........အကိုတကယ်ပဲ မညာပဲ အကို တကယ်သင်္ကြန်မှာ ဆက်ဆက်လာပါစေလို့ စိတ်ထဲမှာ စုတောင်းနေမိတယ်အကိုရယ်............ပီးတော့ ကျမကိုလဲအ၇င်ကထက်တိုးပီး ပြန်ချစ်နိုင်ပါစေလို့ ကျမ စုတောင်းနေမိတယ် အကိုရယ်...............

ပန်းအလှချစ်သူ

ကြင်သူတစ်ကယ် ပစ်ခွာမပြေးစေဖို.....
                        ချစ်ကဗျာလေး လဲ ဒို.ရေးပြီ..........
                        ခဏတာာ ဆုံတွေ.ချိန်လေးနဲ. ......
                        တစ်ဘ၀စာ မလွမ်းချင်ပါရဲ. ..........
                        ဖြူစင်ပါတယ် မုန်းမသွား...............
                        ဒို.နှလုံးသားက နုပါတယ်..............
                        ရူးလောက်လဲအပြစ် မယူပါ.....
                        တစ်ဦးတစ်ယာက်ထဲ ချစ်သူရာ...
                        ဆုံချင်ပါတယ် ပြန်မယ်.လမ်းမှာ..
                         ကြိုခဲ.စမ်းပါ ......................
                         မငိုနဲ.  ပန်းအလှ ချစ်သူ ........

နွေဦးအလှ

ရော်ရွက်တွေ
မြေမှာကြွေလွင့်
နွေအပွင့်မှာတော့.....
လောကရဲ့..သစ္စာ...။

လူဘ၀ရဲ့ဥပမာ
ရော်ရွက်နှင့်အလားတူစွာ
သံသရာနယ်ချဲ့နေသမျှ
ခံရဦးမှာပေါ့.........။

သစ္စာဆိုသည်ကား
မှန်ကန်သော
ဒဖ်နေးရှင်းလား..
သည်မှာလေ
နွေတရာညများ..

ကောင်ကင်ငှက်

ကောင်ကင်မှာပြန်သန်နေတဲ့အချစ်ငှက်တစ်ကောင်ဟာာနင်ဆိုရင်
ကျယ်ပြန်တဲ့ရင်ခွင်ပြင်ဟာကိုယ်ပါ။
နင်သာလနတ်သမီးလေးတစ်ပါးဆိုရင်
နင်ပြောနားမှာရှိနေတယ်ဓူဝံကြယ်ဟာကိုယ်ပါ။
နင်အမြဲပြောတဲ့စကားသံလေးနာထောင်ကောင်တယ်ဆိုရင်နေဟာ
ပိပြင်တဲ့စကားသံလေကိုဖန်တီးပေးပဲလေးသံလေဟာကိုယ်ပါနော်။

Wednesday, March 21, 2012

Internetချစ်သူသို့

Internetဆိုတာကိုဘာမှန်မသိတဲ့ငါ
ကိုယ်ပိုင်Gtalkအကောင့်ကိုဖွင့်ပြီး
မင်းနဲ့ချက်တင်လုပ်တာက
မင်းရဲ့ယုံတန်စကားတွေကို
အဟုတ်ထင်ခဲ့တာ ငါ့နုံအလို့လား.........
မဟုတ်လောက်ဘူးထင်တယ်မိန်းကလေး
အများသုံးကမ္ဘာချိတ်ဆက်မှု့ကွန်ရပ်တစ်ခုကို
မင်းရဲ့မုသားစကားတွေပြောဖို့အတွက်
အသုံးချခဲ့တာ အံပါရဲ့မိန်းကလေး....
ကျေးဇူးပြုရ်ျဖြေပါ
မင်းရဲ့သွေးအေးတဲ့ရက်စက်မှုကို
ရူးလောက်အောင်ခံစားခဲ့ရတဲ့ငါ....
မပိမပြင်စမ်းတ၀ါးမင်းစကားသံကြားမှာပြားပြားဝပ်စေခဲ့တာ
မင်းရဲ့မာယာတစ်ခုလား။
ဟား...ဟား....ဟား...
ကောင်းလေးတွေငါ့talkingအောက်မှာ
ကားကားလေးဖြစ်နေတာ
ရယ်ရတယ်နော်လို့မင်းပြောပြီး
အောင်နိုင်သူအဖြစ်နဲ့မင်ရယ်နိုင်တာ
အံပါရဲ့မိန်းကလေးရယ်။
ကျွန်တော်မသိလို့တစ်ခုလောက်မေးပါ၇စေ
မင်းအကောင့်ထဲကိုဝင်လာတဲ့
ကျားလေးတိုင်းဟာ
မင်းကစားဖို့ကောင်းတဲ့
အရုပ်ကလေးတွေလား
တော်ပြီ Internet ထိုင်သူလေးရာ
ဒါတွေပြောရင်ဒေါတွေပါလိမ့်မယ်။
ကျေးဇူးပြုရ်ျ ကျွန်တော်ရိုသားစွာနဲ့
ခင်မင်မှုကိုအရူးမလုပ်ပါနဲ့လို
ကျွန်တော်အနုအညွှတ်တောင်းပန်းပါတယ်........
Internet ထိုင်သူလေးရယ်။။။။။။။။။။

laminein

My name is Nandobasa.