Monday, March 26, 2012

ပြင်သစ်နိုင်ငံ၏အမြင်ဆုံးဆုတံကိုဒေါ်အောင်ဆန်စုကြည်ရရှိ


ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ယခုလ ၁၅ ရက်နေ့က ဆုလက်ခံရယူပြီးတွေ့ရစဉ်။
ဓာတ်ပုံ-သက်ထူး
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေးနှင့် လွတ်လပ်ရေးအတွက် လုပ် ဆောင်ခဲ့မှုများအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် သမ္မတ နီကိုလပ်စ် ဆာကိုဇီက ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် National Order of the Legion of Honour ဆု၏ အမျိုးအစားတစ်ခုဖြစ်သော Commander ဆုကို ပေးခဲ့သည်။
အဆိုပါဆုတံဆိပ်ကို ပြင်သစ်နိုင်ငံ ခြားရေးဝန်ကြီး Alain Juppe က မြန်မာနိုင်ငံသို့ လာရောက်စဉ် ဇန်န၀ါရီလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ခဲ့သည်။
ဆုပေးအပ်ရခြင်းအကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ အတုယူ ဖွယ်ရာကောင်းသည့် ကိုယ့်ယုံကြည်မှုအပေါ် မဆုတ်မနစ် လုပ်ဆောင် တတ်မှုကို အသိအမှတ်ပြုခြင်း၊ အထူးသဖြင့် နှစ်ကာလများစွာ အထိန်း သိမ်းခံနေခဲ့ရသည့်တိုင် နိုင်ငံရေးတွင် သတ္တိရှိရှိ လုပ်ဆောင်မှုများ အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပြင်သစ်နှင့် ဂျာမနီရုပ်သံလိုင်းဖြစ်သည့် ARTE မှ သတင်းထောက်တစ် ဦးဖြစ်သူ Damien Wanner က အဆို ပါဆုသည် ပြင်သစ်လူထု၏ ခံစားမှုကို ကိုယ်စားပြုပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ဆောင်မှုများ အပေါ် အားပေးနေသည်ကို ပြသသည်ဟု ထင်မြင်ကြောင်း မြန်မာ တိုင်း(မ်) သို့ ပြောသည်။
"သူ့ကို ဒီလိုဆုပေးတာကို ကျွန်တော်တို့ ၀မ်းမြောက်ပါတယ်။
ကျွန်တော် ထင်တာကတော့ ပြင်သစ်ဟာ ခိုင်မာတဲ့ ဒီမိုကရေစီရှိထားပြီးသားဆိုတော့ ပြင်သစ်ပြည်သူတွေက ဒီမိုကရေစီလုပ် ငန်းစဉ်တွေမှာ ပါဝင်ရတာကို ကြိုက်ကြတယ်။ ကျွန်တော်တို့ဟာ အမြဲတမ်း ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြတဲ့သူတွေဘက်က ရပ်တည်ပါတယ်။ ဒီလိုလူတွေအတွက် ဒီဆုက ပေးနေကျပါပဲ။ နိုင်ငံရေးအရ၊ ဘာအရ၊ ညာအရဆိုပြီး ပေးတာမဟုတ်ပါဘူး။ လွတ်လပ်အောင် လုပ်ဆောင်မှုတွေအတွက် ပေးတာပါ" ဟု ဆိုသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဆုရရှိခြင်းကြောင့် အဆိုပါဆုကို အရှေ့ တောင်အာရှတွင် မြန်မာနှင့် မလေးရှားနိုင်ငံတို့ ဆု ရရှိသည့်စာရင်းဝင်ခဲ့သည်။
မလေးရှားနိုင်ငံသူ မင်းသမီး မီရှယ်ယိုးက ၎င်း၏ ရုပ်ရှင်နှင့် မီဒီယာလုပ်ငန်းများတွင် ဆောင်ရွက်မှုများအတွက် ၂၀၀၇ ခုနှစ်က ယင်းဆုကို ရရှိခဲ့သည်။

No comments:

Post a Comment