Monday, October 22, 2012

အမေ

အနန္တဂိုဏ်ဝင်ကျေးဇူးရှင်အမေ
အမေဆိုတဲ့ လမင်း
ကောင်းကင်မှာလင်းလတ်
ပင်ကိုငွေသော်တာ အလင်းရောင်နဲ့
ကမ္ဘာလောက်ကြီးကိုထိန်းလင်းစေ
ရှုမညီတဲ့ လသော်တာ
အမှောင်တစ်လှည့်အလင်းတစ်လှည့်ရှိပေ့မဲ့
အမေ့ဆိုတဲ့ လမင်းကတော့
သားသမီးတွေရဲ့အပေါ်
မေတ္တာပင်လယ်သမားမို့
ထာဝရလင်းလတ်မှုကိုပေးစွမ်း
ကမ္ဘာကိုကိုင်လှုပ်ပြမဲ့
လက်ပိုင်ဟာ အမေ
သားသမီးတွေရဲ့အပေါ်မှာ
ပန်းကလေးတွေကို ယုယမှုထက်
ကဋေကဋာသာသော ယုယမှုကို
ပေးစွမ်းနိုင်တာ အမေ
ဟောဒီ ကမ္ဘာလောကမှာ
528မေတ္တာနဲ့ ကမ္ဘာကိုတုန်လှုပ်
ငါဆိုသောအမေတစ်ယောက်
သားသမီးဆယ်ယောက်ကို
ကျွေးမွေးပြုစုကာ
လက်မထောင်ပြနိုင်တာ မေမေ
အနိမ့်အမြင့် အတက်အကျ
လောကဓံတွေရဲ့ကြားမှာ
သားသမီးဆိုတဲ့ စိတ်တစ်ခုတည်းနဲ့
နဖူးကချွေးခြေမကျအောင်
ရှာကျွေးခဲ့တာ အမေ
အော်.............အမေရယ်
မေမေ့ရဲ့ မေတ္တာတွေကို
ဥမမာ စာတင်ပြရင်လည်း
သင်္ချာဂဏန်းတွေသာ
ကုန်သွားပေ့မဲ့
အမေ့ရဲ့ မေတ္တာကိုကုဋေကုဋာတွေနဲ့
သင်္ချာပြသော်လည်းကုန်မယ်မထင်
ဒါကြောင့်အမေ့ရယ်
ကှ်ျကဗျာတစ်ပုဒ်နဲ့
အမေ့ကျေးဇူးကိုတစ်ပိုင်တစ်စ
ဆပ်လိုက်ပါတယ်
ကျေးဇူးရှင်ရွှေခြံမြေက
မေမေ..................

No comments:

Post a Comment