Monday, April 9, 2012

ပြည်သူတွေရဲ့ယုံကြည်မှုကိုအတင်လုပ်ယူလိုမရဘူး




ယခုလ ၁၄ ရက်နေ့က သာယာဝတီမြို့တွင် ဆီးကြို နှုတ်ဆက် နေကြသော ပြည်သူများကို နှုတ်ဆက်စကားပြောကြားနေသည့်
ကိုမင်းကိုနိုင်။
သာယာဝတီမြို့ကို ရောက်တဲ့အချိန်မှာ ညနေ ၄ နာရီထိုးခါနီး နေပါပြီ။
"ကိုမင်းကို နိုင်ရောက်လာပြီလား" လို့မေးလိုက်တော့ ဆိုက်ကားဆရာ ဦးလေးကြီးက မတွေ့သေးဘူး။ မရောက်သေးဘူးတဲ့။ ဒီအတိုင်းဆို စိတ်အေးရပြီ။ ပြီးတော့ ကိုမင်းကိုနိုင် ပြည်သူတွေနဲ့ တွေ့မယ်ဆိုတဲ့ အိမ်ကိုလည်း ဘယ်သူ့မေးမေးသိမှာပဲ ဆိုတာ ယုံတယ်လေ။
အိမ်ရှေ့ရောက်တော့ သူ့ကိုစောင့်နေကြတဲ့ လူအုပ်ကို တွေ့တယ်။
ကိုမင်းကိုနိုင်နဲ့ အတူတူ လွတ်လာခဲ့ကြတယ်ဆိုတဲ့ သူ့ရဲဘော်ရဲဘက် တွေကလည်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေရင်း ဟိုက ဒီကလာကြတဲ့ မိတ်ဆွေဟောင်း၊ ရဲဘော်ဟောင်းတွေရဲ့ ဖုန်းတွေကို ၀မ်းသာအားရ ပြန်လည်ဖြေကြားနေ ကြပါတယ်။
"ကိုမင်းကိုနိုင်ရော၊ ကျွန်တော်တို့ရော အခုမှ လွတ်တာဆိုတော့ ရှေ့ဆက်မယ့် အစီအစဉ်ကို မပြောနိုင်သေးဘူး။ အခု ကိုမင်းကိုနိုင် လွတ်လာပြီ။ ပြည်သူ့ အသံကို သူနားထောင်နေတယ်" လို့ ၈၈ မျိုးဆက် ဦးဂျော်လီထွန်းက မြန်မာတိုင်း(မ်) ကို ပြောတယ်။
"ကျွန်တော့ ယုံကြည်မှုကတော့ ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ အခြား မရှိပါပဲ။ သူ့ကို ၀ိုင်းရံရမယ်။ အပြောင်းအလဲတွေနဲ့ ပတ်သက် လို့တော့ ကျွန်တော်တို့ အခုလှုပ်ရှားနေသူအားလုံးဟာ ခံဖူးတဲ့သူတွေချည်းပဲ။ နပ်တော့နေပြီ။ ကျွန်တော်တို့ အများကြီးရတယ်လို့ ဘယ်သူမှ ခံယူမထားသေးဘူး။ ကျွန်တော်တို့ရဲ့အောင်မြင်မှုကို မြင်ရုံပဲ မြင်ရသေးတယ်။ လက်ဝယ်မရသေးဘူး။ "အခုပေးထားတဲ့ ဒီမိုကရေစီကိုတော့ ဆက်လက်ချဲ့ထွင်ရမယ်။ အန်တီချမှတ်ပေးတဲ့ အရာကို ယုံယုံကြည်ကြည်နဲ့ တွန်းလိုက်ရမယ်။ အန်တီ့ကို ကျွန်တော်တို့က အကြွင်းမဲ့ယုံကြည်ပြီးသားပါ" လို့ ဦးဂျော်လီထွန်းက ပြောပါတယ်။
ဦးဂျော်လီထွန်းတို့ထက် တစ်လစောပြီး လွတ်မြောက်လာတဲ့ ဦးစိုးလှိုင်က တော့ ၈၈ ခုနှစ်တုန်းက နိုင်ငံရေးလှုပ်ရှားမှုနဲ့ပဲ ထောင်ဒဏ် ၂၂ နှစ် ကျခံခဲ့တယ် လို့ သိရပါတယ်။ "ကျွန်တော်လွတ်ပြီး တစ်လအကြာမှာ မိန်းမဆုံးသွားတယ်" လို့ ဦးစိုးလှိုင် ကပြောတယ်။
"ကျွန်တော်ကတော့ ၈၈ ခုနှစ် ၁၂ လ ပိုင်း ၁၃ ရက်နေ့က မဟာဗျူဟာသပိတ် အမည်နဲ့ အရေးအခင်း ၀င်ရောက်ဆင် နွှဲရာက ထောင်ကျခဲ့တာ" လို့ အောင်၊ စု ၊ တင် NLD ပါတီကို ပထမဆုံးဝင်ခဲ့တာ ဆိုတဲ့ ဦးစိုးသိန်းက ပြောပါတယ်။
ဦးစိုးသိန်း ပြောပြီးချိန်မှာပဲ ကိုမင်းကိုနိုင်ကို ကြိုဆိုလာတဲ့ ကားရောက်လာတဲ့အတွက် ခွပ်ဒေါင်းအလံတွေနဲ့ လူတွေ အကုန်လုံး လှုပ်လှုပ်ရွရွဖြစ်သွားတယ်။
"ကိုမင်းကိုနိုင် ကျန်းမာပါစေ။ သက်တော်ရာကျော် ရှည်ပါစေ" တဲ့။ ညီညာ လှတဲ့အသံက ဟိန်းထွက်နေပါတယ်။
"မနေ့က လွတ်လာပြီးတော့ ရန်ကုန်ကို တန်းပြန်မလို့ပဲ။ ဒါပေမယ့် မြို့တိုင်းက အုန်းအုန်းကျွက်ကျွက်နဲ့ မြို့လုံးကျွတ် ကြိုဆိုနေလို့ မနေ့က ပြည်မှာ တစ်ည အိပ်လိုက်ရတယ်။ ကားတွေတောင် သွားလို့ မရတော့လောက်အောင်ပါပဲ" လို့ ကိုမင်းကိုနိုင်နဲ့ အတူလာတဲ့ အဖွဲ့ထဲက အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
"သရက်ကနေ ထွက်လာပြီး ကျွန်တော်တို့ မြို့ရှစ်မြို့ကို ဖြတ်လာတယ်။ အောင်လံ၊ ပြည်၊ ပေါင်းတည်၊ မင်းလှ အပါအ၀င် မြို့ ခြောက်မြို့က မြို့လုံးကျွတ် ကြိုဆိုနေကြတယ်" လို့ အတူလိုက်ပါ လာသူ ကိုစိုးထွန်းက ပြောတယ်။
"ကျွန်တော်ပြောချင်တာ ကျွန်တော်လွတ်လာတဲ့ အချိန်ကစပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ခံတွေဟာ နှောင့်ယှက်တာမျိုး၊ ဟန့်တားတာမျိုး လုံးဝ မလုပ်ကြဘူး။ ရဲတွေ ၀ိုင်းကူလို့ ကျွန်တော်တို့ ချောချောမောမော ဖြစ်လာတယ်။ နောက်ပိုင်းမှာ ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင်သူဆိုရင် ဘယ်သူ့ကိုမဆို လက်တွဲဖို့ ၀န်မလေးပါနဲ့။ ဘယ်သူဘယ် အဖွဲ့အစည်းပဲဖြစ်ဖြစ် တကယ်ရိုးရိုး သားသား ပြောင်းလဲချင်တယ်ဆိုရင် လက်ခံနိုင်တဲ့၊ ရင့်ကျက်တဲ့ စိတ်မျိုးကို မွေးထားကြပါ။ မွေးနိုင်ရမယ်။ ရင့်ကျက်ဖို့လည်းလိုပါပြီ" လို့ ကိုမင်းကိုနိုင်က ပြည်သူလူထုကို ပြောကြားခဲ့ပါတယ်။
"ပြည်သူတွေဟာ ဒေါင်းအလံတွေနဲ့ လမ်းပိတ် ကြိုဆိုခဲ့ကြပါတယ်။ ဒါ အလကားရတာမဟုတ်ဘူး။ အနှစ် ၂၀ ကျော် ပေးဆပ်ပြီးမှ ရတာ။ တချို့ အသက်တွေ ပေးသွားတယ်။ ထောင်ထဲကနေ ကျွန်တော့လို မတ်တတ်ရပ် မထွက်ဘဲ ပက်လက်ကလေး အသက် မပါဘဲ ထွက်သွားရတဲ့သူတွေ အများကြီး။ သူတို့ဘ၀တွေ၊ အသက်တွေ၊ မိသားစုဘ၀တွေကို ပေးဆပ်ခဲ့ရတဲ့သူတွေ အများကြီးရှိ ပါတယ်" လို့ မှော်ဘီ မြို့နယ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
"တိုင်းပြည်ရဲ့ အပြောင်းအလဲအတွက် တကယ်လုပ်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းနဲ့ ဖြစ်ဖြစ် လက်တွဲမယ်။ အဟောင်းကြိုက်တဲ့သူတွေ ရှိနေသေးရင် ကျွန်တော်တို့ရဲ့ လွန်စ၊ ကျွန်တော်တို့ ကြိုးကို ပြန်ဆွဲရမှာပဲ။ ပြောင်းလဲချင်တယ် ဆိုတဲ့သူတွေနဲ့ အတူဆွဲမယ်။ ဆန့်ကျင် ဘက်မှာ ရပ်နေတဲ့သူတွေဆီက ကြိုးကို ဆောင့်ဆွဲဖို့အတွက် အားစိုက်ရဲတယ် ဟုတ်လား" လို့ နားထောင်နေသူ ပြည်သူ တွေကို မေးခွန်းထုတ်ခဲ့ပါတယ်။
"ကျွန်တော်တို့ဘက်က ပေးနိုင်ခဲ့တဲ့ အနှစ် ၂၀ ဖြတ်သန်းမှု နောက်မှာ အခု လို ရိုးရိုးသားသား ရပ်တည်ပြီး စိတ်ဓာတ်အပြည့်နဲ့ အားပေးတာမျိုး တွေ့ရတော့ အနှစ် ၂၀ နေခဲ့ရသော်ငြား၊ ဒုက္ခတွေ ခံခဲ့ရသော်ငြား ဘာမှမဟုတ်တော့သလိုပါပဲ" လို့ သူခံစားချက်ကို ထုတ်ဖော်ပြောခဲ့ပါသေးတယ်။
မိန့်ခွန်းအားလုံးမှာ ကိုမင်းကိုနိုင်က ပြည်သူတွေကို ဘယ်အဖွဲ့ အစည်းပဲဖြစ် ဖြစ် ပြည်သူအတွက် တကယ်အလုပ်လုပ်ရင် လက်တွဲ ပေးဖို့ တွင်တွင်ပြော ဆိုခဲ့ပါတယ်။
"လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးက အစ ဘယ်နယ်ပယ်မှာဖြစ်ဖြစ် တကယ် လုပ်နေတဲ့သူဆိုရင် ပြည်သူက နောက်က လိုက်မှာပါ။ ယုံကြည်မှာပါ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို ဇွတ်အတင်း ဖန်တီးလို့တော့ မရဘူး။ ပြည်သူအတွက် ဘယ်သူက အပြောနဲ့ မဟုတ်ဘဲ အလုပ် နဲ့ သက်သေပြလဲ၊ ပေးဆပ်ခဲ့လဲ၊ ပြည်သူ သိပါတယ်" လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

လမင်းသို့တမ်းခြင်း

အပြာရောင်ကင် ကြီးရဲ့အောက်မှာ
အဖြူရောင်ငွေနှင်တွေဝေဆိုင်ခဲ့တာ
သဘာဝကပေးတဲ့ လွမ်းမောစရာ
ရနံတစ်ခုပါလား....
လမင်းရဲ့အရိပ်အောက်မှာ
အေးမြတဲ့သဘာဝကို ရှုစားစေတာ
သဘာဝလား။။။
အချစ်ရဲ့ အရိပ်အောက်မှာ
လမင်းလို မအေးမြတာသာဝလား။
ကျယ်ပြန်တဲ့ မြေပြင်မှာ
အချစ်ဥသြငှက်တွေတွန်းကြူးစေတာ
သဘာဝလား
အချစ်ကောင်ကင်ပြင်တစ်ခုလုံမှာ
နေရာမရှိတဲ့ငါအတွက်တော့
လမင်းဟာ အစဉ်အေးချမ်းမှု ကိုပေးစွမ်းခဲ့တဲ
သဘာဝပန်းချီကား
တစ်ချပ်လား။

အူနုကျွဲခက်

သဘာဝကပေးတဲ့အနမ်းပန်းပွင့်လေးကလှတယ်နော်
ချစ်စရားမကောင်းပေးပဲ့စွဲမက်စရာရနံတစ်ခုတော့ကျန်လောက်ပါတယ်
မင်းပြောတော့အနမ်းကအသစ်စက်စက်ဆို
ခုတော့.........
မင်းပါးပြင်မှာအနမ်းရာတွေထပ်လိုပါလား
မင်းပြောတော့အချစ်ကဆိုတယ်ဆို
ခါးလွန်းလွန်းလို့ ကြက်ဟင်းခါးသီးတောင်အရှုံးပေးလိုက်ရတယ်။
မင်းပြောတော့အချစ်ဟာ ရှာနှစ်ခွနဲ့ဆို
တော့သေးတာပေါ့ အစွယ်နှစ်ရာလောက်အကိုက်ခံရလို့ပေါ့
မင်းပြောတော့ အချစ်ဟာ ရနံပြင်ပြင်ဆို
ခုတော့ အနမ်းကိုမခံနိုင်လိုကြောက်တယ်။

Sunday, April 1, 2012

ချစ်သူသရော်စာ

မင်းဘ၀အတွက်အချစ်ဆိုတာမသေချာတဲ့နိယာမတရားဆိုတာငါသိပါတယ်....
ဒါပေ့မဲ့အချစ်ကိုတော့သရော်စာပြဇာတ်တစ်ပုဒ်လိုမှတ်ထင်တာတော့နင်နည်းနည်းပေါ့တယ်
ငါထင်တာကနင်ကဆောက်ပေါ့မလေးလို့ဒါပေ့မဲ့နင်ကအရူးတစ်ယောက်ဆိုတာကို
ငါမေ့နေတာ အော်။။။။။။
ဆော်ရီနော်
နင်ကိုအခုမှသိတာနင်ကအကြောင့်မလေကို။။။။။။။။